တိမောသေ/ဩဝါဒစာ ပထမစောင်
ရှင်ပေါလု/၏ နှုတ်ခွန်းဆက်/စကား
1
ကျွန်ုပ်တို့/၏ ကယ်တင်ရှင် ဘုရားသခင်/နှင့် ကျွန်ုပ်တို့/၏ မျှော်လင့်ရာ/အရှင် ယေရှု/ခရစ်တော်/တို့/၏ အမိန့်တော်/အတိုင်း ထို/ယေရှု/ခရစ်တော်/၏ တမန်တော်/ဖြစ်သော ကျွန်ုပ်/ပေါလု စာရေးလိုက်ပါ၏။2 သခင်ဘုရား/ကို ယုံကြည်/သောကြောင့် ကျွန်ုပ်/၏ သား/အရင်းအချာ/သဖွယ်/ဖြစ်သော တိမောသေ/ထံသို့ ဤ/စာ/ကို ပို့လိုက်၏။
ကျွန်ုပ်တို့/၏ အဖ/ဘုရားသခင်/နှင့် သခင်/ယေရှု/ခရစ်တော်/တို့/ထံမှ ကျေးဇူးတော်၊ ကရုဏာ/နှင့် ငြိမ်းချမ်းခြင်း/သည် သင့်/အပေါ် သက်ရောက်ပါစေသော။
လွဲမှားသော/အယူဝါဒများ/အကြောင်း သတိပေးခြင်း
3 မာကေဒေါနိပြည်/သို့ ကျွန်ုပ်/သွား/စဉ် သင့်/ကို တိုက်တွန်း/နိုးဆော်ခဲ့သည့်/အတိုင်း တိုက်တွန်း/လို၏။ သင်/သည် ဧဖက်မြို့/တွင် နေရစ်/၍ လွဲမှားသော/အယူဝါဒများ သွန်သင်နေသည့် လူ/တချို့/ကို ထိုသို့/မသွန်သင်ကြ/ရန်/နှင့် 4 ဒဏ္ဍာရီများ၊ မဆုံးနိုင်သော/ဆွေစဉ်မျိုးဆက်/စာရင်းများ/ကို ဆွေးနွေးရာ/တွင် အချိန်/မပေးကြ/ရန် ညွှန်ကြားလော့။ ထို/အရာများ/သည် အငြင်းအခုံများ/ကိုသာ ဖြစ်စေ၏။ ယုံကြည်ခြင်း/ဖြင့် လုပ်ဆောင်သော ဘုရားသခင်/၏ အမှုတော်/ကို အထောက်အကူ/မဖြစ်စေပါ။ 5 ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်/မှာ ဖြူစင်သော/နှလုံးသား၊ စစ်မှန်သော/ယုံကြည်ခြင်း၊ လိပ်ပြာသန့်သော/စိတ်/တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်း/မေတ္တာ/နှင့် အချင်းချင်း/ချစ်ကြ/ရန် ဖြစ်၏။ 6 လူ/တချို့/သည် ထို/အခြေခံ/စိတ်သဘောတို့/မှ သွေဖည်သွား/ကာ အနှစ်သာရ/မဲ့သော စကားများ/ကိုသာ ပြောဆိုလာကြ၏။ 7 သူတို့/သည် မိမိတို့/ပြောဆိုသော/အရာများ/နှင့် မိမိတို့ အသေအချာ/သွန်သင်နေသော/အရာများ/ကိုပင် နားမလည်ဘဲ ကျမ်းတတ်ဆရာများ ဖြစ်လိုကြ၏။ 8 ပညတ်တရား/ကို မှန်ကန်/စွာ ကျင့်သုံး/လျှင် ပညတ်တရား/သည် ကောင်းမြတ်ကြောင်း ကျွန်ုပ်တို့/သိကြ၏။ 9 အဘယ်ကြောင့်ဆိုသော် ပညတ်တရား/သည် ဖြောင့်မတ်သူတို့/အတွက် ချမှတ်ထားသည်/မဟုတ်ဘဲ ပညတ်တရား/ကို မကျင့်သုံးသူများ၊ မနာခံသူများ၊ ဘုရားတရားမဲ့သူများ၊ အပြစ်သားများ၊ မသန့်ရှင်းသူများ၊ ဘုရားတရား/မကိုင်းရှိုင်းသူများ၊ မိဘ/ကို သတ်သူများ၊ လူသတ်သမားများ၊ 10 တရား/နှင့်/မညီသော မေထုန်/ကို ပြုသူများ၊ လိင်တူချင်း/ဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သူများ၊ မမှန်သော/သက်သေခံသူများ/နှင့် မှန်ကန်သော/အယူဝါဒ/ကို ဆန့်ကျင်/သမျှသော/အရာများ/တို့/အတွက် ချမှတ်ထားကြောင်း ကျွန်ုပ်တို့ သိကြ/သောကြောင့် ဖြစ်၏။ 11 ထို/မှန်ကန်သော/အယူဝါဒ/သည် မင်္ဂလာ/ရှိတော်မူသော ဘုရားသခင်/၏ ဘုန်းကြီးသော သတင်းကောင်း/နှင့် ညီ၏။ ထို/သတင်းကောင်း/ကို ဟောပြော/ရန် ဘုရားသခင်/သည် ကျွန်ုပ်/ကို တာဝန်ပေးတော်မူ၏။
သခင်ဘုရား/၏ ကရုဏာတော်/အတွက် ကျေးဇူးတင်ခြင်း
12 ကျွန်ုပ်/ကို ခွန်အား/ပေးတော်မူသော ကျွန်ုပ်တို့/၏/သခင် ယေရှု/ခရစ်တော်/သည် ကျွန်ုပ်/ကို ယုံကြည်/ထိုက်သူ/ဟု မှတ်ယူ/ကာ အမှုတော်/ကို ဆောင်ရွက်/ရန် ခန့်အပ်ထား/သောကြောင့် ထို/သခင်/ကို ကျွန်ုပ်/ကျေးဇူးတင်၏။ 13 တစ်ချိန်က ကျွန်ုပ်/သည် ခရစ်တော်/ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများ/ကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်း/ကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထို/အချိန်/တွင် ကျွန်ုပ်/သည် ခရစ်တော်/ကို မယုံကြည်/သေး/သောကြောင့် ကျွန်ုပ်/ပြုသော/အမှု/သည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရား/သည် ကျွန်ုပ်/အပေါ် ကရုဏာ/ထားတော်မူ၏။ 14 ကျွန်ုပ်တို့/၏/သခင်ဘုရား/သည် အလွန်/ကြွယ်ဝသော/ကျေးဇူးတော်/ကို ကျွန်ုပ်/အပေါ် သက်ရောက်စေတော်မူ၏။ ကျွန်ုပ်/သည် ယေရှု/ခရစ်တော်/နှင့် တပေါင်းတစည်းတည်း/ဖြစ်လာ/သောကြောင့် ယုံကြည်ခြင်း/နှင့် ချစ်ခြင်းမေတ္တာ/ကိုလည်း ကိုယ်တော်/ထံမှ ရရှိ၏။
15 “ယေရှု/ခရစ်တော်/သည် အပြစ်သားများ/ကို ကယ်တင်/ရန် ဤ/လောက/သို့ ဆင်းကြွလာသည်” ဟူသော စကား/သည် လုံးဝ/မှန်ကန်ပြီး အပြည့်အဝ/လက်ခံ/ထိုက်၏။ ထို/အပြစ်သားများ/အနက် ကျွန်ုပ်/သည် အဆိုးဆုံး/ဖြစ်၏။ 16 သို့သော်လည်း ယေရှု/ခရစ်တော်/သည် အဆိုးဆုံး/ဖြစ်သူ ကျွန်ုပ်/အပေါ် သူ/၏ အဆုံးမဲ့/သည်းခံခြင်း/ကို ဖော်ပြ/ရန် ရည်ရွယ်/သောကြောင့် ကျွန်ုပ်/အပေါ် ကရုဏာ/ထားတော်မူ၏။ ဤသို့ ပြုတော်မူခြင်း/သည် ကိုယ်တော်/ကို ယုံကြည်/၍ ထာဝရ/အသက်/ကို ရရှိကြမည့်သူများ/အတွက် ကျွန်ုပ်/ကို စံနမူနာ/အဖြစ် ထားရန်/ဖြစ်၏။ 17 ထာဝရ/ဘုရင်/ဖြစ်တော်မူသော၊ ထာဝရ/အသက်ရှင်တော်မူသော၊ လူ့/မျက်စိ/ဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းသော ဘုရားသခင်/သည် ကမ္ဘာ/အဆက်ဆက် ဂုဏ်သရေ၊ ဘုန်းသရေ ရှိတော်မူပါစေသော။ အာမင်။
တိမောသေ/၏ တာဝန်
18 ကျွန်ုပ်/၏/သား တိမောသေ… ယခင်က သင့်/ကို ရည်စူး/၍ ပရောဖက်တို့/ဟောပြောခဲ့သော အရာများ/ကို အခြေခံ/၍ သင့်/ကို ကျွန်ုပ်/ညွှန်ကြားလိုက်၏။ ထို/ဟောပြောချက်များ/ကို လိုက်နာခြင်း/ဖြင့် တိုက်ပွဲ/ကို ကောင်းစွာ တိုက်ခိုက်/နိုင်ရန် ဖြစ်၏။ 19 ခရစ်တော်/ကို ဆက်/၍ ယုံကြည်လော့။ မိမိကိုယ်ကိုယ် လိပ်ပြာသန့်/စွာ နေလော့။ အချို့သော/သူတို့/သည် မိမိတို့/၏/အသိတရား/ကို လျစ်လျူရှုခြင်း/ဖြင့် သူတို့/၏ ယုံကြည်ခြင်း/သည် သင်္ဘောပျက်/သဖွယ် ဖြစ်လာ၏။ 20 ထို/သူတို့/ထဲတွင် ဟုမေနဲ/နှင့် အလက်ဇန်းဒါး/တို့ ပါဝင်ကြ၏။ သူတို့/သည် ဘုရားသခင်/ကို စော်ကားပြောဆိုခြင်း မပြုသင့်ကြောင်း အဆုံးအမ/ခံကြ/စေရန် ကျွန်ုပ်/သည် သူတို့/ကို စာတန်/လက်သို့ အပ်လိုက်၏။